မိုးကုတ်တွင် ရပ်ကွက်လူကြီးရွေးရန် ဆွေးနွေးနေသူများကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်

မိုးကုတ်မြို့နယ် ချမ်းမြေ့သာယာရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက်တွင် ယနေ့ ဇွန်လ ၉ ရက်၊ နေ့လည် ၃ နာရီခန့်က ရပ်ကွက်လူကြီးရွေးရန် အစည်းအဝေးပြုလုပ်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်လူကြီးရွေးချယ်ရန် အစည်းအဝေးလုပ်နေသည့် စိတ္တသုခကျောင်းတိုက်သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်လာပြီး အသက် ၅၀ကျော် အရွယ် ဦးဇော်မင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာ အခြားသူများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီနေ့ အစည်းအဝေးရှိတာ၊ တစ်အိမ်တစ်ယောက်ဖိတ်တာ၊ စစ်ခွေးတွေက ရုတ်တရက်ဝင်လာပြီး သေနတ်နဲ့ပစ်သွားတာ ဦးဝင်းဇော်ရဲ့ ရင်ဘတ်နဲ့လက်မောင်းနဲ့ကို ရှပ်ထိမှန်သွားတာ၊ အဲ့ဦးလေးရော အဲ့အစည်းအဝေးမှာ ပါတဲ့ လူကြီးတွေ အားလုံးကိုရော ကားနဲ့ဖမ်းသွားတာတဲ့၊ အယောက် ၂၀ လောက်ရှိမယ်ထင်တယ်။ ထိတဲ့သူက ဘာရာထူးမှတော့ မဟုတ်ဘူး ဒီတိုင်း အသက် ၅၀ကျော်၊ ရပ်ကွက်လူကြီးရွေးတာ တစ်အိမ်တစ်ယောက်ဖိတ်လို့ သွားတာ” ဟုသူကပြောသည်။

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ