ကချင်အမျိုးသားအစည်းအရုံး (KNO) က အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ (၁၀၈) ကို ကေအိုင်အေ လက်မခံကြောင်း ထုတ်ပြန်ကြေညာ

ကချင်အမျိုးသားအစည်းအရုံး (KNO) က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဂိုးမြို့ ဖောင်းဆိုင်ဒေသတွင် အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ (၁၀၈) ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်မခံကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

ထုတ်ပြန်ကြေညာချက်တွင် ကချင်လူမျိုးကို ကိုယ်စားပြုသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ရှိပြီးဖြစ်သည့်အပြင် ကချင်လွတ်မြောက်ရေးတပ် (KIA) ရှိပြီးဖြစ်သည့်အတွက် အခြားကချင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရှိရန် မလိုအပ်ကြောင်း ဖော်ပြထားသည်။
ကချင်တော်လှန်ရေးလုပ်ငန်းတွင်ပါဝင်လိုသူ မည်သူမဆို ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်တွင် ပါဝင်အမှုထမ်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ထိုသို့သောအခြေအနေများကြောင့် ကချင်အမျိုးသားအစည်းအရုံး (KNO) က အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ (၁၀၈) ကို KIO က အသိအမှတ်ပြုလက်ခံမည် မဟုတ်ကြောင်း ကြေညာထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ