မိုးညှင်းမြို့ အ ထက ခွဲ နားခါးတွင် ကျောင်ဆောင်တစ်ဆောင်မီးလောင်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ စိန်းရတနာမွန်(မြောက်)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)နားခါကျောင်းတွင် ယနေ့ည ခုနှစ်နာရီဝန်းကျင်၌ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

စာသင်ကျောင်းဆောင် တစ်ဆောင် မီးလောင်သွားပြ‌ီး မည်သည့်အကြောင်းရင်းကြောင့် မီးလောင်သည်ကို မသိကြောင်း မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဘယ်လိုလောင်သွားလဲတော့ မသိဘူး။ KG ဆောင်လေးကတော့ လောင်သွားတယ်။ မီးသတ်ကားသုံးစီးလာငြှိမ်းသွားတယ်။ သွားကြည့်တော့ ရဲကားနဲ့စစ်သားတွေရဲတွေပဲတွေ့တော့တယ်။ မီးတောင်ငြှိမ်းသွားပြီ” ဟုသူကပြောသည်။
ဒေသခံအချို့က ရှို့မီးဖြစ်နိုင်သည်ဟု သုံးသပ်သော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
မီးလောင်မှုဖြစ်ပွားခဲ့သည့် စိန်းရတနာမွန်(မြောက်)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) နားခါကျောင်းတွင် ကျောင်းတက်နေသော ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

မိုးညှင်းမြို့နယ်တွင် ဇွန်လ (၂) ရက်နေ့က အ.ထ.က (၂) ကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ ကျောင်းဝန်းနံရံအက်သွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ