ကိုဇော်ဝင်းမောင်

လုံးခင်း ညသပိတ်ပြုလုပ်သည့်နေရာတွင် ဖမ်းဆီးခံခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုဇော်ဝင်းမောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-(က) နှင့် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ကိုဇော်ဝင်းမောင်ကို မေလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများကို လိုက်လံကူညီပေးနေသည့်အဖွဲ့မှ ရှေ့နေတစ်ဦးက The 74 Media ကို ပြောသည်။
“ဒီနေ့ ရုံးထုတ်ပြီးတော့မှ အမှုစွဲတင်တယ်၊ ၅၀၅ – ကနဲ့ ပုဒ်မ ၈ ကော သူက နှစ်မှုဖြစ်သွားတယ် ၊ without အမှုပေါ့ ဆိုင်ကယ်တဲ့၊ ပို့ကုန်၊ သွင်းကုန် အမှုက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်လို့ ရတဲ့အမှုဟုတ်တယ်၊ ၅၀၅-က နဲ့တူတယ်၊ ဒါပေမယ့် အရင်က ၅၀၅ (က) က နှစ်နှစ်ပဲ ခုက စစ်ကောင်စီက ပြင်လိုက်လို့လေ တိုးသွားတာ” ဟုသူကပြောသည်။
ကိုဇော်ဝင်း‌မောင်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ဇွန်လ ၂၂ ရက်နေ့တွင် နောက်တစ်ကြိမ်ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် သတင်းထောက် စုစုပေါင်း (၈) ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ