ကသာမြို့တွင် စစ်ကောင်စီတပ်၏ သင်္ဘောတစ်စီးက မြစ်ကမ်းဘေးမှ ပြည်သူများကို ရမ်းသမ်းပစ်ခတ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ ပေါက်ကုန်းကြီးကျေးရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်များသည် သင်္ဘောပေါ်မှ ရွာထဲသို့ လက်နက်ကြီးများ၊ သေနတ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ကေအိုင်အေတပ်စွဲထားခြင်းမရှိသည့် ကျေးရွာများသို့ စစ်ကောင်စီတပ်က သင်္ဘောပေါ်မှ ပစ်ခတ်နေမှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီမှာ ပစ်နေပြီ။ စစ်တပ် တစ်ဘက်ထဲက ပစ်နေတာ။ လက်နက်ကြီးသံတွေရော သေနတ်သံတွေရော အချက် ၃၀ ကျော်ပြီ။ သင်္ဘောကနေ ရွာထဲကိုပစ်တာ။ ရွာထဲမှာ KIA မရှိဘူး။ ရွာသားတွေက ပြေးနေကြတုန်းပါ။ ကျွန်တော်တောင် ပုန်းနေတာ” ဟုပြောသည်။
စစ်ကောင်စီ၏သင်္ဘောပေါ်မှ ပေါက်ကြီးကုန်းကျေးရွာအပြင် မြစ်တစ်ဖက်ကမ်းရှိ ဘိုကုန်းကျေးရွာကိုလည်း သေနတ်များ၊ လက်နက်ကြီးများဖြင့် ရှစ်ကြိမ်ခန့် ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသူ နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။
ဧရာဝတီမြစ်အတိုင်း ကချင်ပြည်နယ် ဗန်းမော်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ သင်္ဘောများကို ကေအိုင်အေအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှု ရွှေကူမြို့နယ်အတွင်း မကြာခဏဖြစ်ပွားနေသည်။

– ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ