ဝိုင်းမော်တွင် ကျောင်းအပ်နှံရန် အုပ်ချုပ်ရေးမှူးများ စည်းရုံးနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမြင့်ကျော်၏ အိမ်ရှေ့တွင် ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က လက်လုပ်မိုင်းလေးထုပ် ပစ်ပေါက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

ဦးမြင့်ကျော်၏ အိမ်ရှေ့တွင် တွေ့ရှိသည့် လက်လုပ်မိုင်းလေးထုပ်ကို နံနက် ၈ နာရီခန့်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောင်းအုပ်ကြီး အိမ်ရှေ့မှာတွေ့တာ။ လာချထားတာပေါ့။ ကျောင်းအုပ်က စစ်တပ်ကို အကြောင်းကြားလိုက်ပြီး စစ်တပ်က လာရှင်းလိုက်ပြီ။ လက်လုပ်မှိုင်းဟုတ်တယ်။ အထုပ်က ၄ ထုပ်တွေ့တာ။ ၃ ထုပ်က ဖြည်နိုင်ပြီးတော့ နောက်ဆုံးတစ်ထုပ်က မဖြည်နိုင်လို့ စစ်တပ်က သူတို့စက်ပစ္စည်းနဲ့ ဗုံးကို အဝေးကနေခွဲလိုက်တာဟုတ်တယ် ” ဟုပြောသည်။
ကောင်စီတပ်ဖွဲ့အင်အား ၂၀ ကျော်မှ လုံခြုံရေးယူ၍ ဖောက်ခွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း သူကဆက်ပြောသည်။
၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်တွင် ဝိုင်းမော် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတတ်သူဦးရေ ၅၀၀ ကျော်ရှိပြီး အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ၃၀၀ ကျော်ရှိကြောင်းသိရသည်။

ယခုနှစ် ကျောင်းဖွင့်သည့်အချိန်မှစ၍ မြန်မာနိုင်ငံအနှံ့ ကျောင်းများတွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ