မိုးကောင်းတွင် ကျောင်းသားကျောင်းသူ ၆၀၀ ကျော် ကျောင်းတက်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ယနေ့ ဇွန်လ ၇ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောင်း၏ အနောက်ဘက်မှ ဆိုင်ကယ်နှင့် လူနှစ်ဦး လာရောက်ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တစ်လုံးထဲ တော်တော် ကျယ်တယ် ကျောင်းဝင်းထဲ အပင်နှစ်ပင်ကြားထဲ ကွဲတာ ၊ အဲ့နား စကစတွေအရပ်ဝတ်နဲ့ရှိနေတာ၊ အနောက်ဘက်လမ်း ကနေ ဆိုင်ကယ်နဲ့ လာပစ်သွားတယ်လို အဲ့နားက လူတွေပြောတယ်၊ အထိအခိုက်တော့ မရှိဘူး၊ ကျောင်းမှာက ကျောင်းတက်နေတဲ့ ကလေးတွေရှိတယ်၊ ဗုံးပေါက်ပေမယ့် မပြန်ခိုင်းဘူး” ဟုသူကပြောသည်။
အဆိုပါ မိုးကောင်း အထက ၂ ကျောင်းသည် ဇွန်လ ၂ ရက်နေ့မှစတင်ပြီး ကျောင်းသားဦးရေ ၁၀၀ ကျော်ခန့် ကျောင်းတက်နေသည်။

မိုးကောင်းမြို့ နေရာတစ်ချို့တွင် ပေါက်ကွဲသံများနှင့် မိုင်းကွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ