စစ်ကောင်စီယာဉ်တန်းများ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က စစ်ကောင်စီ၏ထောက်ပို့ယာဥ််တန်းကို ကေအိုင်အေက တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များ၏ ထောက်ပို့ယာဥ်ဆယ်စီးခန့်ကို KIA က RPG များအသုံးပြုကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ကား ၁၀ စီးလောက်ရှိတယ်။ ရိက္ခာပို့တဲ့ကားတွေတတ်လာတာ။ KIA တွေက မြို့ဝင်လောက်ကျမှ ပစ်တော့ စစ်ကားတွေက မြို့ထဲတောင်ရောက်လာပြီ။ RPG နဲ့ရောဆော်တယ်။ ကျွန်တော်တောင် မနည်းပြေးလိုက်ရတယ်။ ခုထိပစ်နေတုန်းပဲ”ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် ကေအိုင်တပ်ဖွဲ့တို့ ဗန်းမော်ခရိုင်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ရက်ပိုင်းက ရွှေကူရဲစခန်းနှင့် ဗန်းမော်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီစစ်သင်္ဘာကို ရွှေကူမြို့နယ်အတွင်း ကေအိုင်အေအဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပုံ/ ၂၀၁၉ ခုနစ်အတွင်းက ဝိုင်း​မော်မြို့နယ် နန်ဆန်ယန်​ကျေးရွာအတွင်း ​တွေ့ရ​သော စစ်​ကောင်စီ၏ စစ်ယာဥ်တန်း။

သင့်ထင်မြင်ချက်ရေးပေးပါ