ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ညောင်ပင်ရပ်(မြောက်ပိုင်း)၌ ဇွန်လ ၅ရက်​နေ့ ည ကိုးနာရီခွဲခန့်က စစ်​ကောင်စီတပ်မှ လူငယ်တစ်ဦးကို ဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစ်ကိုဖြစ်သူကို လာရောက်ရှာ‌​ဖွေရာ မ​တွေ့ရှိသောကြောင့် ညီတော်စပ်သူ ကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု တစ်ရပ်ကွက်ထဲနေ အမည်မဖော်လိုသူတစ်ဦးက The 74 Media ကိုပြောသည်။
“သူ့အစ်ကိုကိုက အရင်ထဲကဖမ်းဖို့ဝရမ်းထုတ်ထားတယ်။ ပြောရရင်တော့သပိတ်ထဲပါလို့ပေါ့။ သူ့အကိုကိုမတွေ့လို့ သူ့ညီကိုခေါ်သွားတယ်လို့တော့ပြောတယ်” ဟုသူကပြောသည်။
စစ်​ကောင်စီတပ်မှ ဖမ်းဆီး​ခေါ်​ဆောင်သွားသူမှာ အသက် ၂၀နှစ်အရွယ် ကိုဝင်းနိုင်ဦးဖြစ်​ကြောင်းသူက ဆက်​ပြောသည်။
လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား အင်အား ၂၀ ဦးခန့်ရှိ​ကြောင်းသိရသည်။

ကချင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ဖမ်း​ဆီးလိုသူများကို မ​တွေ့ရှိလျှင် မိသားစုဝင်များကို ဖမ်းဆီး​ခေါ်​ဆောင်သွားမှုများ ပြုလုပ်​နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ