CDM သစ်တောဝန်ထမ်းများ ကမ္ဘာ့ပတ်ဝန်းကျင်နေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်

ကချင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ CDM သစ်တောဝန်ထမ်းများက ယနေ့ ဇွန်လ ၅ ရက်နေ့ World Environment Day( ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့) တွင် နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် သစ်ပင်ပေါင်း ၁၀၀ ခန့်ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။

CDM သစ်တောဝန်ထမ်းများ ကမ္ဘာ့ပတ်ဝန်းကျင်နေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်

 

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများကို ဂုဏ်ပြုသောအားဖြင့် သစ်ပင်များ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု လှုပ်ရှားမှုတွင်ပါဝင်သည့် CDM သစ်တောဝန်ထမ်းတစ်ဦးက The 74 Media ကို ပြောသည်။
“အဓိက ကတော့နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ လက်ရှိ မိမိတို့ စွမ်းတဲ့ဘက်ကနေ တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေကို ကျွန်တော်တို့ သင်ယူတတ်မြောက်ထားတဲ့ သစ်တောပညာနဲ့ အပင်တွေ စိုက်ပြီး ဂုဏ်ပြုတာပါ၊ နောင်လာနောက်သားတွေလည်း ခုစိုက်ထားတဲ့ အပင်တွေကို မြင်ရင် နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေ အဖို့ ဂုဏ်ယူတတ်စေဖို့ အဓိက ရည်ရွယ်တာပါ” ဟုသူကပြောသည်။
ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ ကံ့ကော်၊ ခရေနှင့် ကုက္ကို စသည့် သစ်အမျိုးအစားတို့ကို ကချင်ပြည်နယ်ရှိ မြို့နယ် အသီးသီးတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

NUGအစိုးရ၏ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်း “ဂေဟစနစ်ပြန်လည်တည်ထောင်ဖို့ သစ်ပင်စိုက်ကြစို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ ပြည်သူတစ်ရပ်လုံးပါဝင်စို့” ဟူသော​ဆောင်ပုဒ်နှင့် သစ်ပင်စိုက် လူထုလှုပ်ရှားမှု (Green Campaign) တွင်ပါဝင်ရန် နိုးဆော်မှုများလည်း ပြုလုပ်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ