Breaking!!!

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်တွင် ဇွန်လ ၃ ရက်နေ့ ည ၈နာရီ ခွဲဝန်းကျင်ခန့်က တိုင်းကျော်ဆီဆိုင် တစ်ဆိုင်တွင် အသံဗုံးပေါက်ခဲ့ကြောင်း သိရသည်။

အောင်နန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင်ဖွင့်ထားသည့် ဆီဆိုင်အနီး အသံဗုံးပေါက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“ည ၈ နာရီလောက်မှာ ပေါက်တာ၊ သူတို့ က စစ်တပ်အတွက် နာမည်ခံပြီး ဆီ အမြဲသယ်ပေးနေတာလို့ ကြားတယ်၊ ပေါက်ကွဲတာတော့ တစ်ခါပဲ၊ ဒဏ်ရာရတာတို့ ဘာတို့တော့ မတွေ့မိဘူး” ဟု သူက ပြောသည်။
အသံမိုင်းလာရောက်ဖောက်ခွဲသူများကို မတွေ့မိကြောင်းသူက ဆက်ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်ကလည်း တိုင်းကျော် ဆီဘောက်ဆာကားနှစ်စီး ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဆွန်ယန်နှင့် မိုင်ထောင်ကြား မိုင်တိုင် (၁၀၈) တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ