မိုး​ကောင်း မြို့မစည်ပင်​စျေး မီးရှို့ခံရ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ မွန်းလွဲ တစ်နာရီဝန်းကျင်ခန့်၌ မြို့မစည်ပင်ဈေးကြီး မီးရှို့ခံခဲ့ရ​​ကြောင်း သိရသည်။

 

ဈေးသည်များက မီးခိုးများကိုမြင်တွေ့သဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့သောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း
အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဂျပ်ဖာကို မီးရှို့ပြီး ကြားညှပ်ထားခဲ့တာ။ မီးကစကူးပြီး မီးခိုးထွက်လာတော့ လူတွေမြင်ပြီး ငြှိမ်းလိုက်နိုင်တာ”ဟု ပြောသည်။
မြို့မ စည်ပင်​စျေးကြီးကို မီးရှို့သွား​သောသူကို ဖမ်းဆီးရမိခြင်း မရှိ​သေးဘဲ
လက်ရှိအချိန်တွင် အဆိုပါ ​စျေးအတွင်း ရဲများရောက်ရှိနေကြောင်း သူကဆက်ပြောသည်။
စစ်အာဏာသိမ်းပြီး​နောက်ပိုင်း ယခုလို ​စျေးမီးရှို့မှုသည် မိုး​ကောင်း မြို့မစျေးတွင်သာမက မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း ဖြစ်​ပေါ်​နေ​သည်။
Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ