ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ကျောက်တွင်းကျေးရွာနှင့် မြလယ်ကျေးရွာတွင် ယနေ့နံနက် ရှစ်နာရီခန့်မှစ၍ KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း ​ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့ဘက်သို့ သင်္ဘောဖြင့် ဆန်တက်လာချိန် KIA မှ ပစ်ခတ်ခြင်း​ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း မြလယ်နှင့် စင်းခန်းကြား၌ တပ်စွဲထားသည့် စစ်​​ကောင်စီဘက်မှလည်း ပစ်ကူပေးခဲ့​ကြောင်းမျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“ဗန်းမော်ကိုတက်လာတဲ့သင်္ဘော ကျောက်တွင်းမှာ မနက် ရှစ်နာရီလောက်က​နေ စပစ်တယ်။ KIA တွေရော စစ်တပ်ရော နှစ်ဖက်ပစ်ကြတာ။ စစ်တပ်ဘက်က ရွာထဲကနေလည်း ပစ်ကြတယ်။ မြလယ်ရွာကသူတွေတောင်ပြေးကြရသေးတယ် ” ဟုပြောသည်။
တိုက်ပွဲနှင့်ပတ်သက်ပြီး နှစ်ဖက်အထိအခိုက်၊ အကျအရှုံးကိုမူ The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိ​သေးပါ။
ဗန်းမော်မြို့နယ်​၊ မြလယ်ရွာ​ကျေးရွာအလွန်နှင့် စင်းခန်း​ကျေးရွာ ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာဝန်းကျင် တပ်စွဲထား​ကြောင်းသိရသည်။

ပုံ / ဇွန်လ ၂ ရက်​နေ့က ​ရွှေကူမြို့နယ်တွင် ​ကေအိုင်​အေက ပစ်ခတ်ခဲ့သော စစ်​ကောင်စီသင်္ဘော။

သင့်ထင်မြင်ချက်ရေးပေးပါ