တနိုင်းတွင် လင်မယားနှစ်ဦး ဓားထိုးလုပ်ကြံသတ်ဖြတ်ခံရ
ကချင်ပြည်နယ် တနိုင်းမြို့နယ် ဒူကောင်း ရပ်ကွက်တွင် နေထိုင်သူ လင်မယားနှစ်ဦး ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင်
ဓားထိုးသတ်ဖြတ်ခံရကြောင်း သိရသည်။

တနိုင်းမြို့နယ် ဒူကောင်းရပ်ကွက်တွင်နေထိုင်သူ ဦးလှဝင်းနှင့် သူ၏ ဇနီးဖြစ်သူ ဒေါ်စုလှိုင်တို့ကို ည ၁၀ နာရီဝန်းကျင် အချိန် အိမ်တွင်
အမည်မသိလူငါးယောက်က ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ လင်မယားနှစ်ယောက်ကို သတ်သွားတာ၊ လာသတ်တာ ငါးယောက်ဟုတ်တယ်၊
အဲ့အဖိုးကြီးက မနေ့ညက မီးမမှိတ်ခင် သူ့သူငယ်ချင်း စရဖ ကလာတာမို့ တံခါးဖွင့်ပေးတဲ့ အချိန် ဓားနဲ့ ထိုးခံရတာ” ဟုသူ ကပြောသည်။
လူသတ်မှုကျူးလွန်သည်ဟု ယူဆရသူသုံးဦးကို တနိုင်းမြို့အဝင် မထသ ဂိတ်တွင် ဖမ်းဆီးရမိထားကြောင်းသူက ဆက်လက်ပြောသည်။
သေဆုံးခဲ့သော ဦးလှဝင်းနှင့် သူ၏ ဇနီး တို့သည် အသက် ၅၀ကျော် ဖြစ်၍ အိမ်တွင် ဘိလိယက်ခုံ ဖွင့်ထားကြောင်းသိရသည်။
သတ်ဖြတ်ခံရသူနှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်ကို စုံစမ်းနေဆဲဖြစ်သည်။
ကချင်ပြည်နယ်တဝှမ်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးနှင့်
အုပ်ချုပ်ရေးတွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူများကို လုပ်ကြံသတ်ဖြတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပေါ်နေသည်။
သင့်ထင်မြင်ချက်ရေးပေးပါ