ကချင်ပြည်နယ်စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ
ကချင်ပြည်နယ်စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ရွှေခါးပတ်ချန်ပီယံ ဆီးဂိမ်းလက်ရွေးစင် ဗျဂ္ဃ နှင့်ရွှေခါးပတ်ချန်ပီယံ စောမင်းနိုင်တို့ပါဝင်ခဲ့ကြောင်းသိရသည်။

 

 

မြစ်ကြီးနားမြို့တွင် မေလ ၂၈ရက်နေ့က စစ်ကောင်စီမှ ပြည်နယ်ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်ခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင်

အဆိုပါ ရွှေခါးပတ်ချန်ပီယံနှစ်ဦးပါဝင်ထိုးသတ်ခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရွှေခါးပတ်ချန်ပီယံ နှစ်ဦးဖြစ်သည့် ဗျဂ္ဃသည် မန္တလေးတိုင်း ကျားဖြူကလပ်မှ ဖြစ်ပြီး စောမင်းနိုင်သည် မွန်ပြည်နယ် ရွှေဖလားကလပ်မှ ဖြစ်ကြသည်။

ဗျဂ္ဃသည် ဂျပန်ဘုရင့်ဖလားဆုရ လက်ဝှေ့ကစားသမားဖြစ်သည့်အပြင် မြန်မာ့ရိုးရာလက်ဝှေ့ပြန့်နှံ့ရေးအသင်း (ဧရာဝတီ)မှ ချီးမြှင့်ခဲ့သော ၂၀၁၉ ခုနစ်အတွက်

အတိုးတက်ဆုံး ကစားသမားဆုကို ရရှိထားသူလည်းဖြစ်သည်။

စောမင်းနိုင်မှာမူ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် WLC ၏ မှတ်တမ်းများအရ ၁၆ပွဲနိုင်၊ ၉ပွဲရှုံး၊ ၉ပွဲသရေကျထားသူဖြစ်သည်။

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီက ကျင်းပခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ရိုးရာလက်ဝှေ့ကလပ် ၈ ခုမှ ကစားသမားများပါဝင်ခဲ့ပြီး

အမျိုးသား တွဲဆိုင်း ၁၃ ဆိုင်းနှင့် အမျိုးသမီး တွဲဆိုင်း ၁ဆိုင်းတို့ ပါဝင်ထိုးသတ်သွားကြသည်။

အမျိုးသမီးတွဲဆိုင်းတွင်မူ ရိုးရာမာန်ကလပ်မှ ရွှေစွန်ညို နှင့် မြစ်ကြီးနားကလပ်မှ လထော်တို့လည်း ပါဝင်ထိုးသတ်ခဲ့ကြသည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မည်သူတို့ အနိုင်ရရှိသွားသည်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပွဲစဉ်တစ်လျှောက်အကောင်းဆုံးလက်ဝှေ့ကစားသမားဆုအဖြစ် ကျားဖြူကလပ်မှ အာရှနဂါးက ရရှိခဲ့သည်။
စစ်ကောင်စီဥက္ကဌ ဦးခက်ထိန်နန်က ဒိုင်အဖွဲ့ဝင်များ၊ လက်ဝှေ့ကစားသမားများနှင့် မြန်မာ့ဆိုင်းဝိုင်းအဖွဲ့တို့အတွက် ဆုငွေ ၁၄သိန်းကျော်ချီးမြှင့်သွားကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ