ကွတ်ခိုင်မြို့အနီး နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ညီနောင်မဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ
စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
![](https://www.the74media.com/wp-content/uploads/2021/05/186518769_339682170884644_9028997511410157799_n-300x300.jpg)
![](https://www.the74media.com/wp-content/uploads/2021/05/188509463_339682080884653_4446318291696295490_n-257x300.jpg)
![](https://www.the74media.com/wp-content/uploads/2021/05/191900021_339682110884650_595390275542259878_n-300x300.jpg)
![](https://www.the74media.com/wp-content/uploads/2021/05/188527520_339682137551314_6089194048160601130_n-300x135.jpg)
![](https://www.the74media.com/wp-content/uploads/2021/05/193737753_339682050884656_1692609885703246097_n-1-300x300.jpg)
နမ့်ဖတ်ကာအနီးရှိ ခလရ ၁၂၃ တပ်စခန်းအပါအဝင် နေရာသုံးခုကို ယနေ့နံနက် ၁ နာရီဝန်းကျင်တွင် AA၊ TNLA နှင့် MNDAA ပူးပေါင်းတပ်များက
ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများပြားခဲ့ပြီး အထိနာခဲ့သည်။
လားရှိုးမြို့အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးပျောက်ဆုံးနေသည်ဟု သိရသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။
နမ့်ဖတ်ကာကျေးရွာရှိနေအိမ်တစ်လုံးတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ဆံတစ်လုံးကျရောက်ခဲ့သော်လည်း ပေါက်ကွဲမှုမရှိသဖြင့် ထိခိုက်မှုမရှိခဲ့ပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ညီနောင်မဟာမိတ်တပ်များအကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။
Photo : Nothern Alliance Burma
သင့်ထင်မြင်ချက်ရေးပေးပါ