ဖားကန့်မြို့မ ကျောက်တိုင်အနီး လက်လုပ်ဗုံးဟု ယူဆရသည့် အထုတ်တစ်ထုတ်တွေ့ရှိ

ဖားကန့်မြို့နယ်၊ မြို့မ ကျောက်တိုင် အနီးရှိ ဦးတိုးအိမ်ရှေ့တွင် ယနေ့ မေလ ၂၈ ရက်နေ့ ၊ နံနက် ၅ နာရီခွဲခန့်က လက်လုပ်ဗုံးဟု ယူဆရသည့် အထုတ်ရှိနေ၍ ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများ ပိတ်ထားရကြောင်း သိရသည်။

ဖားကန့်မြို့မ ကျောက်တိုင်အနီး လက်လုပ်ဗုံးဟု ယူဆရသည့် အထုတ်တစ်ထုတ်တွေ့ရှိ

လက်လုပ်ဗုံး ဟု ယူဆရသည့် အထုတ်သည် ဦးတိုးအိမ်ရှေ့တွင် မည်သည့် အချိန်က ရောက်နေသည်ကို မသိရှိရကြောင်း သူက ပြောသည်။

“မနက်မိုးလင်းတော့ ဘေးအိမ်က ပြလို့ တွေ့တာ၊ သူ့အိမ်ရှေ့တံခါးပေါက်တည့်တည့်ပဲ၊ ဗုံးက အထုတ်အပြင်မှာ ချထားတာ၊ ဦးတိုးအိမ်က ချဲနှစ်လုံးဒိုင်၊ စခတွေကို လစဉ်ကြေးသွားပေးလို့လား ကျွန်တော့်အထင်နော်၊ ဘေးက ခေါက်ဆွဲဆိုင်နဲ့ အရှေ့တည့်တည့်က လျှပ်စစ်ပစ္စည်းဆိုင် ပိတ်ထားရတယ်” ဟုသူကပြောသည်။

လက်လုပ်ဗုံးဟု ယူဆရသော အထုတ်အား နံနက် ၉ နာရီခွဲခန့် အချိန်ထိ လာရောက် ရှင်းလင်းဖယ်ရှားခြင်း မရှိသေးကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ