မူဆယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်ဝန်ထမ်းတစ်ဦးသေဆုံး

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်ဝန်ထမ်းအမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မူဆယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်ဝန်ထမ်းတစ်ဦးသေဆုံး

 

မူဆယ်မြို့ ပြည်ထောင်စုလမ်းမပေါ်ရှိ အထက(၃ )စာသင်ကျောင်းအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တစ်ဦးသေဆုံးခဲ့ကာ အခြားတစ်ဦးမှာ ခြေတစ်ဖက်ပြတ်သွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“စည်ပင်ဝန်ထမ်း နေရာတင် ဆုံးပါတယ်၊ နောက်တစ်ယောက်က ခြေတစ်ဖက် ပြတ်သွားပါတယ်” ဟု ပြောသည်။
စည်ပင်ဝန်ထမ်းက အမှိုက်ထုတ်ကောက်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
ခြေတစ်ဖက်ပြတ်ဒဏ်ရာရရှိသူ၏ ထိခိုက်ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ရသည့်အခြေအနေ ရှိ၊ မရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မူဆယ်မြို့တွင် ယခင်နေ့များကလည်း နေရာအနှံ့ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ