ဒီးမော့ဆိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွါး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ယနေ့ မေလ ၂၇ ရက်နေ့ ည ၈နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားနေသည်ဟုသိရသည်။

စစ်ကောက်စီဘက်က လက်နက်ကြီး အချက်ရေပေါင်း ၆၀ကျော်ခန့် ပစ်ခတ်ခဲ့သည်ဟုဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“အမြောက်တပ် ၃၆၀ လား ၃၆၁ လားတော့မသိဘူး လက်နက်ကြီးက အခုထိပစ်နေတုန်းဘဲ အချက်၆၀ ကျော်လောက်ရှိနေပြီ လက်နက်ကြီးနဲ့စပစ်လို့ ခုတိုက်ပွဲ အကြီးအကျယ်ကို တိုက်နေတာ” ဟုသူက ပြောသည်။
ယနေ့ မေလ ၂၇ ရက်နေ့ မနက်ပိုင်းတွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုည အချိန်တွင်လည်း လက်နက်ကြီး ဖြင့်ပစ်ခတ်နေခြင်းသည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ