Breaking!!!

ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ တကွင်းရွာ အနီးတွင် ယနေ့မေလ ၂၇ ရက် ည ၈ နာရီခွဲခန့်မှ စ၍ ပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

ပေါက်ကွဲသံ သုံးချက်ထွက်ပေါ်ခဲ့ပြီး တပ်လှန့်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သုံးချက်ကြားတယ်၊ အသံအကျယ်ကြီးပဲ၊ လက်ပစ်ဗုံးထင်တယ်၊ တကွင်းနားလောက်ဆိုတော့ ဒီနားမှာ ၄၀ တပ်ပဲရှိတာ၊ တစ်ချက်နဲ့တစ်ချက် ၁၀ စက္ကန့်ပဲကွာတယ်၊ တပ်လန့်တာနေမှာ၊ အခုက တိတ်နေသေးတယ် ” ဟုသူကပြောသည်။

ဟိုပင်မြို့တွင် မေလ ၂၄ ရက်ညကလည်း ဝက်ကုန်းတံတား မိုင်းကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ