ရှဒူးဇွပ်ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်ပစ်ခတ်မှု ကေအိုင်အေလေးဦး ကျဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာတွင် မေလ၂၆ ရက်နေ့ ညနေ သုံးနာရီခန့်က ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ကေအိုင်အေတပ်သား လေးဦးကျဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ရှဒူးဇွပ်ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်ပစ်ခတ်မှု ကေအိုင်အေလေးဦး ကျဆုံး

 

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် ၏နေအိမ်ကို ယမန်နေ့ ညနေ ၃ နာရီခန့်က ဝင်ရောက်ပစ်ခတ်စဉ် လေးဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
” အိမ်ထဲကိုဝင်ပစ်တာ၊ ကားနဲ့လာပြီးတော့ပေါ့၊ အိမ်ထဲနဲ့ အိမ်အပြင်မှာ ပြန်ပစ်ခံရလို့ အဲ့မှာပဲ ကျဆုံးသွားတာ” ဟု ပြောသည်။
လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သူ ကေအိုင်အေတပ်သား စုစုပေါင်း ၇ ဦးမှ ၄ ဦးကျဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကျဆုံးသွားသူများကို KIA က ပြန်လည်ယူဆောင်သွားပြီးဖြစ်သည်ဟုလည်း သူကဆက်ပြောသည်။
ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်ကို ပစ်ခတ်စဉ် ယင်းနေအိမ်တွင်ရောက်ရှိနေသည့် ဧည့်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်ရင်း ခလရ ၂၉၇ နှင့် ရှမ်းနီပြည်သူ့စစ်များအခြေစိုက်သည်ဟု သိရပြီး ကေအိုင်အေနှင့် မကြာခဏတိုက်ပွဲများဖြစ်ပေါ်နေသည့် ဒေသတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ