ကသာမြို့တွင် ဆီဘောက်ဆာကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်း

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ယနေ့မွန်းလွှဲ ၃ နာရီဝန်းကျင်၌ ကသာအမှတ်(၂)တံတား အနီးတွင် ဆီဘောက်ဆာကား ၁စီးပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကသာမြို့တွင် ဆီဘောက်ဆာကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်း

 

ထိုဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုသည်အဖွဲ့အစည်းတစ်ခုမှ ဖောက်ခွဲခြင်းမဟုတ်ပဲ ဝါယာရှော့ကြောင့် မီးလောင်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးအား ၎င်းဆီသယ်လာသည့် ကားသမားမှပြောကြောင်း The 74 Mediaကိုပြောသည်။
” ကားသမားပြောတာတော့ ဖောက်ခွဲခံရတာ မဟုတ်ဘူး ဝါယာရှော့ဖြစ်တာလို့ ပြောတယ်။ ကျွန်တော်ရောက်တဲ့ချိန် တော်တော်လောင်နေပြီ။ ထီးချိုင့် – ကသာ မိန်းလမ်းနဲ့ ကသာ – နဘား ရထားလမ်း အဲ့လမ်းကြား အမှတ်၂ တံတားနားမှာဖြစ်တာဟုတ်တယ် ” ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
၎င်းဆီဘောက်ဆာကားအား မီးသတ်ကား ၃ စီးဖြင့် လာရောက်ငြိမ်းသတ်သွားကြောင်းလည်း သိရသည်။

ထို့အပြင် ယနေ့မွန်းလွှဲ ၂ နာရီဝန်းကျင်၌လည်း မန္တလေးမှ ဗန်းမော်သို့တတ်လာသည့် ဆီဘောက်ဆာကားတစ်စီးအား စင်းခန်းကျော်၌အမည်မသိ အဖွဲ့အစည်းတစ်ခုမှ မိုင်းခွဲတိုက်ခိုက်ခံရကြောင်းသိရသည်။ သို့သော် ထိုဆီဘောက်ဆာကားသည် ထိခိုက်မှုသိပ်မရှိပဲ ထိခိုက်မိသောနေရာတွင် ဆပ်ပြာများနှင့်ပြန်လည်ဖာထေးနေသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးထံက သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ