ကချင်ပြည်နယ်၊ နန့်မွန်းမြို့တွင် ယနေ့ နံနက် ၁၁နာရီခန့်က မင်္ဂလာဆောင်ပွဲတစ်ခုမှကျွေးသော ဒံပေါက်ကြောင့် လူပေါင်း ၆၀ ကျော် အော့အန်၊ ဝမ်းလျော၊ မူးဝေခြင်းများဖြစ်ပေါ်လာသောကြောင့် ဆေးရုံတင်လိုက်ရကြောင်း ဒေသခံများထံမှသိရသည်။
နန့်မွန်းမြို့ ကျောက်စရစ်ကုန်းတွင် ပြုလုပ်ခဲ့သော မင်္ဂလာပွဲတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ပွဲတက်ခဲ့သူတစ်ဦးမှ The 74 Media ကို ပြောသည်။
“စားပြီးတာနဲ့ အန်ကြတယ်၊ ရင်အောင့်ကြတယ်၊ မူးလဲကြတယ်၊ ဝမ်းလျောကြတယ်၊ ကလေး လူငယ် လူကြီး အားလုံးဖြစ်ကြတာ။ တချို့ဆို သတိမေ့တဲ့အထိကို ဖြစ်သွားကြတာ”ဟု ပြောသည်။
ဝေဒနာခံစားရသူအချို့မှာ အစာအိမ်ဆေး၊ လေဆေးများ သောက်သုံးပြီးနောက်တွင်မူ သက်သာသွားသူများလည်းရှိကြောင်း သူက ဆက်ပြောသည်။
မင်္ဂလာဆောင်တွင်ကျွေးမွေးခဲ့သော မည်သည့်အစားအသောက်ကြောင့် အစာအဆိပ်သင့်ခဲ့သည်ကိုမူ မသိရှိရသေးပါ။
အစာအဆိပ့်သင့်ခဲ့သူ ၆၀ဦးကျော်သည် လက်ရှိအချိန်တွင် အင်းတော်ကြီးမြို့ လုံးတုံဆေးရုံတွင် ဆေးကုသမှုခံယူနေကြပြီး သက်ကြီးရွယ်အိုများ၏ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ