ဖားကန့် လုံးခင်းတွင် ပြည်သူတစ်ဦး ဖမ်းဆီးခံရ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ​မေလ ၂၆ရက်​နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ လုံးခင်း​ကျေးရွာ ဆမ်းမား​ဟောက်စ် စား​သောက်ဆိုင်အနီးတွင် ​နေထိုင်​​သော ကိုမျိုးဟုသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ကိုမျိုးနှင့်နီးစပ်သူ တစ်ဦးက​ The 74 Media ကိုပြောသည်။
“သပိတ်တွေမှာ အမြဲပါလို့ ဆိုပြီး ဖမ်းသွားတာ။ အိမ်မှာဝင်မွှေတာ မတွေ့လို့ လမ်းမှာစောင့်ဖမ်းတာ၊ အခုက ဖားကန့် အချုပ်ခန်းမှာလို့ ကြားတယ် ” ဟုပြောသည်။
ကိုမျိုးသည် ​ကျောက်အ​ရောင်းအဝယ်ပြုလုပ်​နေသူတစ်ဦးဖြစ်​ကြောင်း သူက ​ပြောသည်။
လုံးခင်း​ကျေးရွာတွင် မေလ ၂၅ ရက်နေ့ ည​နေပိုင်း ညသပိတ်ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် အလွှတ်တန်း သတင်းထောက် ကိုဇော်ဝင်းမောင်အပါအဝင် အမျိုးသမီး ၂ဦး ဖမ်းဆီးခံခဲ့ရသည်။
ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သပိတ်စစ်ကြောင်းပြုလုပ်၍ မရအောင် စောင့်ကြည့်မှုများ ပြုလုပ်သည့်အပြင် သပိတ်တွင် ပါဝင်သူများ၏ နေအိမ်တွင် လာရောက် ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်​နေ​ကြောင်း​​ဒေသံများကဆိုသည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ