ဖားကန့်မြို့နယ် စပေါ့ကျေးရွာတွင် အမျိုးသားတစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ရွာတွင် ယနေ့နံနက် ၈ နာရီခန့်က နေအိမ်တွင်ရှိနေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ကနဦးသိရသည်။

သေနတ်ဖြင့် ရင်ဘတ်တွင် ပစ်ခတ်သတ်ဖြတ်ခံရသူသည် အသက်၂၅ နှစ်ခန့်အရွယ် ကိုနေမျိုးထွန်းဖြစ်ပြီး အမည်မသိလက်နက်ကိုင်နှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်နဲ့ပစ်သတ်တာတဲ့ စပေါ့ရွာက နာမှုကူညီရေးလုပ်တဲ့သူလို့ပြောတယ်၊ ၉ နာရီလောက်မှာ အသက်က မရှိတော့ဘူး ၊ သူ့ကို အခု နာရေးချဖို့လုပ်နေပြီ” ဟုသူက ပြောသည်။ လက်ရှိအချိန်တွင် ဖားကန့်မြို့နယ် နေရာအနှံ့တွင် စစ်ကောင်စီတပ်များ နေရာယူထားကြောင်းသိရသည်။ သတင်းအပြည့်အစုံကို ဆက်လက်တင်ပြပါမည်။

သင့်ထင်မြင်ချက်ရေးပေးပါ