သယံဇာတဝန်ကြီး

ပညာရေး ဆိုတာ မနှောက်ယှက်ကောင်းတာမှန်ပေမယ့်၊ လက်ရှိ စစ်ကောင်စီဟာ COVID-19 မပျောက်သေးတာ သိသိကြီးနဲ့ ဘာ စီမံချက်မှ မထားပဲ ကျောင်းဖွင့်ပါတယ်။

အကြောင်းက ကျောင်းသူ/သားများ ရောဂါဖြစ်ချင်ဖြစ် သူတို့ရဲ့ အုပ်ချုပ်မှု ပုံမှန်ဖြစ်နေပါတယ် ဆိုတာကို နိုင်ငံတကာကို ပြချင်တာပါ။ ဒါကို နိုင်ငံရေးအတွက် အသုံးချ တယ်လို့ ခေါ်ပါတယ်။
NUG ပညာရေးဝန်ကြီးဌာန အနေနဲ့ မကြာခင် Home School မူဝါဒများ ကို နိုင်ငံတကာ အဆင့်မှီ ဖြစ်အောင် ပြုစုပြီး ထုတ်ပြန်ပါလိမ့်မယ်။ ပညာရေး ဆိုတာ ဝါဒဖြန့်ချီရေးဌာန မဟုတ်ပါဘူး။ မည်သည့် နေရာ၊ မည်သည့် ပုံစံနှင့်မဆို စည်းပူးလေ့လာနိုင်ပါတယ်။ အဆင့်သတ်မှတ်ချက်လဲ ရှိရမှာပါ။
မြန်မာ့ပညာရေးကို နိုင်ငံတကာအသိအမှတ်ပြုဖို့ NUG က ချိတ်ဆက်နေပါတယ်။
​စစ်ကောင်စီအနေနဲ့ ပညာရေးကို တကယ်အားပေးတာမှန်ရင် NUG ရဲ့ Home School Program ကို နှောက်ယှက်မှာ မဟုတ်ပါဘူး။ ပညာရေးဝန်ထမ်းများကိုလဲ အရေးယူမှာ မဟုတ်ပါ။ စောင့်ကြည့်ရမှာပေါ့။

ဒေါက်တာ တူးခေါင်

MONREC, NUG

May 25, 2021

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *