မြစ်ကြီးနားမြို့ ထ - ၃ ‌

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ည ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ အမှတ် (၃) ကျောင်းတွင် ပေါက်ကွဲမှု‌ေကြာင့် ကျောင်းတွင်းရှိ အဆောင်မှ မှန်များကွဲသွားကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက The 74 Media ကိုပြောသည်။
” ပေါက်ကွဲမှုဖြစ်သွားတာက ၇ နာရီလောက်မှာဟုတ်တယ်။ ကျောင်းအရှေ့ နိုင်စတိုး နဲ့ မျက်နှာချင်းဆိုင်အပေါက်ဂိတ်မှာ အသံဗုံးလို့တော့မထင်ဘူး။ ရွှေရတုအဆောင်က မှန်တွေ ကွဲတာ‌တွေ့လိုက်တယ်” ဟုသူကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးသွားကြောင်း သိရသည်။

မြစ်ကြီးနား အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် မနက်ဖြန် မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံ‌ေတာ့မည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ