ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မဈေး(၁) ရှေ့ရှိ ဆိုင်ခန်းနှစ်ခု ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၈နာရီခွဲဝန်းကျင်အချိန် လျှပ်စစ်မီးကြောင့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

မင်းရပ်ရပ်ကွက်ရှိ ကြိမ်ထည်ပစ္စည်းအရောင်းဆိုင်တွင် ဝိုင်ယာကြိုး ရှော့ခ် ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းနှစ်ခန်းမီးလောင်ပျက်စီးသွားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကြိမ်ဆိုင်က ဝိုင်ယာကြိုး ရှော့ခ် ဖြစ်ပြီး စလောင်တာ ဘေးနား က ဒံပေါက်ဆိုင်လည်း ပါသွားတယ် ရစရာမကျန်ဘူးပြောနေတယ် ရွှေမြို့တော် တည်းခိုခန်းလည်း အဲ့မှာဘဲ” ဟု သူကပြောသည်။

မီးလောင်မှုသည် နံနက် ၈နာရီခွဲအချိန်မှ စတင်လောင်ခဲ့ပြီး မိနစ် ၃၀ ကြာ လောင်ခဲ့သည်ဟု သူကဆက်လက်ပြောသည်။ ကချင်ပြည်နယ် အတွင်း၂၀၁၉ ခုနှစ်မှ ၂၀၂၀ နိုဝင်ဘာလအထိ မီးလောင်မှု စုစုပေါင်း ( ၁၈၂) ကြိမ်ဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ