နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်​သော ဆိုင်းနူးပန်နှင့် လွမ်း​ဇောင်း ​ ဖမ်းဆီးခံရ

နိုင်ငံ​ရေး တက်ကြွလှုပ်ရှားသူ ကချင်လူငယ် နှစ်ဦးဖြစ်​သော ဆိုင်းနူးပန်နှင့် လွမ်း​ဇောင်း ​တို့နှစ်ဦးသည် ယ​နေ့ ​မွန်းလွဲ ၁၂ နာရီ​ကျော်ခန့်က မြစ်ကြီးနားမြို့ ၈မိုင်​ကျေးရွာတွင် ဖမ်းဆီးခံရ​ကြောင်းသိရသည်။

နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်​သော ဆိုင်းနူးပန်နှင့် လွမ်း​ဇောင်း ​ ဖမ်းဆီးခံရ

 

ဆိုင်းနူးပန်၏ အဖိုးဖြစ်သူ အသုဘအခမ်းအနားတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​ရောက်ရှိလာကာ ဆိုင်နူးပန်နှင့် လွမ်း​ဇောင်းတို့နှစ်ဦးကို သေနတ်ထောက်ကာ ဖမ်းဆီးသွား​ကြောင်း မျက်မြင်​တွေ့ရှိသူများက The 74 Media ကို​ပြောသည်။

လက်ရှိအချိန်တွင် မည်သည့်​နေရာသို့ ဖမ်းဆီး​ခေါ်​ဆောင်သွားသည်ကို မသိ​သေး​​ကြောင်း ဆိုသည်။

သင့်ထင်မြင်ချက်ရေးပေးပါ