မိုးကောင်းမြို့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ အိုးတန်းရပ်ကွက်၊ ကျွန်းတောတံတားအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်တစ်ဦးကို ယမန်နေ့ည ၈ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံဖြင့် လမ်းသွားလမ်းလာများကို စစ်ဆေး​​သော်လည်း ထိုလူငယ်တစ်ဦးကိုသာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မ​ဖော်လိုသူ မျက်မြင်တစ်ဦးမှ The 74 Media ကိုပြောသည်။
“အဲ့ကောင်လေးကို ဘာကြောင့်ဖမ်းလဲတော့ မသိဘူး။ တခြားသူတွေကိုလည်း စစ်ဆေးနေတာပဲ။ စစ်ပြီးပြန်လွတ်ပေးနေတာ။ သူ့ကိုပဲ မလွတ်ပေးဘဲ ဖမ်းခေါ်သွားတာ”ဟုပြောသည်။
အဖမ်းခံရသည့် လူငယ်မှာ နန့်ရင်းရပ်ကွက်မှဖြစ်ပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိကြောင်း ပြောသည်။
ထိုဖြစ်စဉ်မဖြစ်ပွားမီ ည ၇နာရီခန့်က လူငယ်သုံးဦးမှာ ဆိုင်ကယ်တစ်စီးဖြင့် သပိတ်သီချင်းအား ဆောင်းဘောက်ဖြင့်ဖွင့်ကာ သီချင်းအော်ဆိုပြီး လှည့်လည်နေသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်လိုက်လံပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုး​​ကောင်းမြို့တော်ခန်းမ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် တပ်စွဲထား​သော​ကြောင့် မြို့သူမြို့သားများ ကန့်ကွက်မှုများရှိ​နေပြီး တပ်စွဲထားသည်မှာ တစ်လနီးပါးရှိပြီဟုသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ