ကေအိုင်အေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး နမ့်ပါချီးကျေးရွာရွာအနီး စစ်ကောင်စီတပ်များနှင့် ကေအိုင်အေတပ်များအကြား ယနေ့ညနေ ၅ နာရီခွဲခန့်က တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု သိရသည်။

တရုတ်ပြည်မှ လေယာဉ်ဆီတင်ဆောင်ထားသည့် ဆီဘောက်ဆာကားများကို ကေအိုင်အေက တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဆီဘောက်ဆာကားမီးလောင်ပျက်စီးသွားသည်ဟု မျက်မြင်များက ဆိုသည်။

တိုက်ပွဲကြောင့် နှစ်ဖက်အကျအဆုံးကို မသိရှိရသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ