ဗန်းမော်လေဆိပ်တွင် စစ်သားများ စီးနှင်းလာသော လေယာဉ်ဆင်းသက်

ဗန်းမော်လေဆိပ်တွင် ယနေ့ မေလ ၁၇ ရက်နေ့ ညနေငါးနာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနှင်းလာသည့် လေယာဥ် ၂ စီး ဆင်းသက်ကြောင်း သိရသည်။

ဗန်းမော်လေဆိပ်တွင် စစ်သားများ စီးနှင်းလာသော လေယာဉ်ဆင်းသက်

 

လေယာဉ်နှစ်စီးပေါ်မှ စစ်သားများဆင်းလာသည်ကိုတွေ့ရသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
“ညနေခုနလေးတင်ဆင်းခဲ့တာ၊ နှစ်စီးရှိပြီ ဗန်းမော်လေဆိပ်ကိုဆင်းတာ၊ တစ်စီးတစ်စီး ၂၅ မိနစ်လောက် ခြားတယ်၊ စစ်သားတွေ ဆင်းလာတာတွေ့တယ် ၄၀ ကျော်လောက်ရှိမယ်၊ လေယာဥ်က နှစ်စီးရပ်ထားတာ တွေ့တယ်” ဟု ပြောသည်။
လေယာဉ်ပုံစံအရ တရုတ်နိုင်ငံထုတ် စန်းရှီ ဝိုက်-၈ ထောက်ပို့လေယာဉ်အမျိုးအစားဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

သတင်းစုံကို ဆက်လက်ဖော်ပြပါမည်။

သင့်ထင်မြင်ချက်ရေးပေးပါ