ဝိုင်းမော်ညသပိတ်တွင် ဖမ်းဆီးခံရသူ ပြန်လွတ်ပြီ

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် မေလ ၁၅ ရက်ညက ပြုလုပ်သည့် ညသပိတ်တွင် ဖမ်းဆီးခံရသူ ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရချိန်တွင် ရိုက်နှက်ခံရသော်လည်း ရဲစခန်းတွင်ဆက်လက်ရိုက်နှက်မှုမရှိတော့ကြောင်း မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ဖမ်းတဲ့အချိန်တုန်းက ပါးတစ်ချက်ရိုက်တယ်ပြောတယ်၊ ခေါင်းဆောင်ဘယ်သူလဲဘာလဲမေးတာပေါ့၊ မနေက ခံဝန်ထိုးပြီးပြန်လွတ်လာတာပါ” ဟု ဆိုသည်။
ဖမ်းဆီးခံရချိန်တွင် သပိတ်ဦးဆောင်သူနှင့် ပါဝင်သူများကိုမေးသော်လည်း ဖြေကြားနိုင်ခြင်းမရှိခဲ့ဟု ဆိုကြောင်း သူက ဆက်ပြောသည်။
ဝိုင်းမော်မြို့တွင် ယမန်နေ့ မေလ ၁၅ ရက်ညပိုင်းတွင် ညသပိတ်ဆင်နွဲနေစဉ် အရပ်ဝတ်နှင့်ရဲများက ကားဖြင့်လိုက်လံဖမ်းဆီးခဲ့စဉ် ဖမ်းမိသွားခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ