ဦးခက်ထိန်နန်

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခံရခြင်းသည် ဘုရားသခင်အလိုတော်ဖြစ်ကြောင်း ဦးခက်ထိန်နန်က ယမန်နေ့က ပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

ယခင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၏ ညီတော်စပ်သူ ဦးခက်ထိန်နန်သည် နောင်နန်းကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြနေသောကြောင့် အလွယ်တကူအာဏာလွှဲပြောင်းပေးမည်မဟုတ်ကြောင်းလည်း သူကပြောဆိုခဲ့သေးသည်ဟု သိရသည်။
ထို့အပြင် ၂၀၀၈ အခြေခံဥပဒေကြောင့်သာ မြန်မာနိုင်ငံတွင်နှစ်ပေါင်း ၆၀ အတွင်း ဒီမိုကရေစီထွန်းကားလာခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီပျောက်ဆုံးမည်ကို သူ့အနေဖြင့် အကြောက်ရွံ့ဆုံးဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အသက် ၆၁ နှစ်အရွယ် ဦးခက်ထိန်နန်သည် ၂၀၁၅ ခုနှစ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မိတ်ဖက်ပါတီတစ်ခုဖြစ်သည့် စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်)မှ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနှိမ့်ခဲ့သူဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ