KIA

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောတစ်စီးကို ယနေ့နံနက် ၆ နာရီခန့်တွင် ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်ခံရသည့် သင်္ဘောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများသယ်ဆောင်လာသဖြင့် ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်သားတွေသယ်လာတဲ့ သင်္ဘောကို ကေအိုင်အေ တပ်ရင်း ၁၂ က ပစ်တာပါ။ RPG နဲ့ လက်ထောက်အမြောက်တွေနဲ့ ပစ်တာ၊ အထိအခိုက်တော့ မသိရသေးဘူး” ဟု ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကေအိုင်အေများအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ရေလမ်းမှတဆင့် လူသူလက်နက်ရိက္ခာ စစ်ကူပို့သဖြင့် ကေအိုင်အေက မကြာခဏ တိုက်ခိုက်ဟန့်တားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ