စစ်ကောင်စီတပ်ဖွဲ့ဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဒွမ်ဘုံးခ ကျေးရွာရှိနေအိမ်များတွင် မေလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်က ကျေးရွာအတွင်းရှိ နေအိမ်များကို KIA တပ်ဖွဲ့ဝင်များရှိမရှိနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် ပစ္စည်းများရှိမရှိကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“အင်အား အယောက် ၆၀ လောက်ရှိတဲ့ အဲ့ဒီ စစ်သားတွေက ကျေးရွာလီဒိုလမ်းမပေါ်မှာရှိတဲ့ နေအိမ်တွေမှာ KIA ရှိမရှိနဲ့ ဆက်စပ်ပစ္စည်းများ ရှာဖွေခဲ့ကြတယ်၊ အခြား သူတို့ မသင်္ကာဖွယ် အိမ်တွေမှာလည်း လိုက်လံရှာဖွေခဲ့တယ်” ဟု ပြောသည်။
ရှာဖွေစစ်ဆေးမှုများကို နံနက်ပိုင်း ၁၀ နာရီခန့်မှ ညနေပိုင်းအထိ ပြုလုပ်သွားခဲ့ကြပြီး ရွာသားအချို့သည် စိုးရိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ကအင်အားတိုးမြင့်ချထားသဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင်လည်း ဒွမ်ဘုံးခကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ကေအိုင်အေတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

Photo Credit – BBC

သင့်ထင်မြင်ချက်ရေးပေးပါ