မြစ်ကြီးနားတက္ကသိုလ်

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်မှ CDM အမှုထမ်း ၁၈၇ ဦးကို တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ပြီးနောက် Non CDM ပြန်ပြောင်းသွားသူများ ရှိကြောင်း ဝန်ထမ်းအချို့ထံမှ သိရသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရကြောင်း မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် သမိုင်းဌာန ကထိက ဒေါ်ခင်သီတာအုန်းနှင့် ဒေါက်တာကော့နန် တို့သည် မေလ ၁၂ ရက်နေ့မှစတင်ကာ Non CDM ပြန်ပြောင်းသွားသည်ဟု ဝန်ထမ်းတစ်ဦးက The 74 media ကိုပြောသည်။
“CDM ကနေ Non CDM ဖြစ်သွားတာ ဌာနမှူးကို မပြောဘဲ သမိုင်းက ဆရာမိုးထိကို ပြောပြီး ပါမောက္ခနဲ့ တွေ့ပြီး ဝင်သွားတာ Non CDM ပြောင်းသွားတာ ၁၂ရက်နေ့ နေ့လယ်မှာ ပြောင်းသွားတာ၊ သူတို့က အမျိုးမျိုး ပြောခံရမှာမို့လို့ ကြောက်လို့နေမှာပေါ့ အခုက ယာယီရပ်ဆိုင်းလည်း ပါလာတယ်လေ” ဟုသူကပြောသည်။
မြစ်ကြီးနားတက္ကသိုလ်တွင် ထိုသို့ CDM ဝန်ထမ်းမှ Non CDM သို့ပြောင်းသွားသော အခြားဌာနမှ ဆရာ၊ ဆရာမများ ရှိသော်လည်း အရေအတွက် မည်မျှရှိသည်ကို The 74 Media က စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနားတက္ကသိုလ်တွင် အမှုထမ်းနှင့် အရာထမ်း ဝန်ထမ်း စုစုပေါင်း ၆၀၀ ကျော်ရှိပြီး ၂၆၄ ဦးကို CDM လုပ်ဆောင်သောကြောင့် မေလ ၆ ရက်နေ့တွင် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း အဆင့်မြှင့် ပညာရေးဦးစီးဌာနက ကြေညာခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ