KIA Solider(ကေအိုင်အေ)

ကချင်ပြည်နယ် မံစီမြို့နယ် မဒန်ယန်ကျေးရွာတွင် ယနေ့နံနက် ၇ နာရီခွဲဝန်းကျင်မှစတင်ပြီး ကေအိုင်အေနှင့် စစ်ကောင်စီတိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်များက ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းများရှိရာသို့ အမြောက်များအပြင် တိုက်လေယာဥ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ဒီမနက် ၇ နာရီခွဲလောက်ကနေ လက်နက်ကြီးတွေနဲ့မနက်လုံးပစ်နေတာဟုတ်တယ်။ ခုလေးတင် ဂျက်လေယာဥ်နဲ့လာပစ်သွားပြီ။ လေယာဥ်ကနေပစ်လိုက်တဲ့အသံတောင်ကြားနေရတယ်” ဟုပြောသည်။
မံစီမြို့တွင်းမှ စစ်ကောင်စီတပ် အယောက် ၅၀ ခန့် ထပ်မံအင်အားဖြည့်ရန် ချီတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယခုတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် မံစီမြို့တွင်းမှ ၃ မိုင်ခန့်ဝေးသော်လည််း လက်နက်ကြီးသံများကို ဗန်းမော်မြို့တွင်း၌ပင်ကြားနေရသည်ဟု ဗန်းမော်ဒေသခံများကပြောသည်။

မံစီမြို့နယ်တွင် မေလ ၁၁ ရက်နေ့မှစတင်၍ ကချင်လွပ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်များကြားတိုက်ပွဲများ စတင်ဖြစ်ပွါးခဲ့ပြီး ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ