မင်းတပ်မြို့တွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်

ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း ယနေ့ မေလ ၁၄ ရက်နေ့ ထုတ်ဝေသည့် မြန်မာ့အလင်း နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားသည်။

မင်းတပ်မြို့တွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်

 

စစ်အုပ်ချုပ်ရေးသတ်မှတ်လိုက်သဖြင့် မင်းတပ်မြို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက အလုံးစုံတာဝန်ရှိသွားမည်ဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှု၊ အစိုးရကို အကြည်အညိုပျက်စေမှုအပါအဝင် ရာဇဝတ်မှု ၂၃ မျိုးထဲမှ တစ်ခုခုကို ကျူးလွန်ပါက သေဒဏ်အထိ ချမှတ်ခွင့်ရှိမည်ဖြစ်သည်။

မင်းတပ်မြို့နယ်တွင် ဧပြီလ ၂၄၊ ၂၆ နှင့် ၂၇ ရက်နေ့များတွင် စစ်ကောင်စီတပ်နှင့် မင်းတပ်ဒေသခံများအကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် နှစ်ဖက်အပစ်ရပ်ခဲ့ပြီး မေလ ၁၂ ရက်နေ့တွင် အပစ်ရပ်စဲရေးပျက်ပြယ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ