Breaking!!!

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီခွဲဝန်းကျင်၌ မိုးမောက်စုပေါင်းရုံး ဗုံးခွဲခံရသောကြောင့် ရုံးတက်နေသည့် ဝန်ထမ်းလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မိုးမောက်စုပေါင်းရုံးထဲ၌ ဖောက်ခွဲခံရသောကြောင့် ရုံးတတ်နေသော အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

” Droneနဲ့ပစ်လိုက်တာထင်တယ်၊ အပေါ်အမိုးတောင်ပွင့်သွားတယ်။ ထိတာက လေးယောက်။ မိန်းကလေး သုံးယောက်ကသေချာတယ် ကျန်တစ်ယောက်ကမသိသေးဘူး” ဟုပြောသည်။
ယနေ့သည် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး၏ နှုတ်ဆက်ပွဲဖြစ်​သောကြောင့် ဌာနဆိုင်ရာများ အားလုံးလည်း ရောက်ရှိနေကြောင်း သိရသည်။

အလားတူ မေလ ၈ရက်နေ့ ၁၀ နာရီဝန်းကျင်အချိန်၌လည်း ထွေအုပ်ဝန်ထမ်းအိမ်ရာ၌ Drone ဖြင့်ဗုံးခွဲခံရမှုများရှိခဲ့သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ