မြစ်ကြီးနားတက္ကသိုလ်တွင် ကျောင်းသား ၁၆၀ ခန့် ကျောင်းတက်နေ

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်တွင် မေလ ၁၀ ရက်နေ့မှ စတင်ကာ ကျောင်းသား ၁၆၀ ကျော် နေ့စဉ်ကျောင်းတက်နေသည်ဟု သိရသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် ကျောင်းသား ၁၆၀ ခန့် ကျောင်းတက်နေ

 

၂၀၁၉ -၂၀၂၀ ပညာသင်နှစ်၏ နောက်ဆုံးနှစ်အတန်းများနှင့် မဟာဝိဇ္ဇာအတန်းများကို စတင် သင်ကြားနေခြင်းဖြစ်ပြီး တစ်ဌာနလျင် ကျောင်းသား ၁၀ ဦးခန့်တက်ရောက်နေခြင်းဖြစ်သည်ဟု ကျောင်းဝင်းအတွင်းနေထိုင်သူတစ်ဦးက The 74 Media ကိုပြောသည်။
“အခုက တစ်ဘာသာဖြေဖို့ ကျန်သေးတယ်မလား အခုလောလောဆယ်က final နဲ့ မဟာတန်းတွေ တက်နေကြတာ ကျောင်းသူ ကျောင်းသားတွေက တစ်မေဂျာကို ဆယ်ယောက် လောက်ရှိပြီလေ သင်တဲ့ ဆရာ ဆရာမတွေလည်း ရှိတယ် first year, second year တွေလည်း ဖွင့်တော့ ဖွင့်မှာပေါ့ ဘယ်လို လာမလဲ မသိသေးဘူး” ဟုသူကပြောသည်။
နယ်ဝေးမှ ကျောင်းသူ၊ကျောင်းသားများ မြစ်ကြီးနားတက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ အတွင်းဆောင်များတွင် နေထိုင်ကာ တက္ကသိုလ်ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့် လုံခြုံရေး ယူထားသည်ဟု သိရသည်။

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂမ၏ စာရင်းထုတ်ပြန်ချက်အရ ပထမနှစ်မှစတင်ကာ မဟာတန်းနောက်ဆုံးနှစ်အထိ CDM ကျောင်းသား စုစုပေါင်း ၄၉၂၇ ဦး ရှိပြီး အဝေးသင်ဌာနမှ CDM ကျောင်းသားအမည်စာရင်းကို မေလ ၁၅ ရက်နေ့၌ စတင်ကောက်ခံမည်ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ