ဟိုပင်- သဲကုန်းလမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်ပြီး နှစ်ဦးသေ

ကချင်ပြည်နယ် ဟိုပင်-သဲကုန်း အဝေးပြေးလမ်းမပေါ်တွင် မေလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က Express ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

 

ဟိုပင်- သဲကုန်းလမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်ပြီး နှစ်ဦးသေ

 

ဆိုက်ကယ်စီးသူသုံးဦးဖြစ်ပြီး အမျိုးသမီးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်ဟု မျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။
” သုံးယောက်ဟုတ်တယ်ဆိုင်ကယ်စီးတာ၊နှစ် ယောက်ဆုံးသွားတာ၊ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ဟုတ်တယ်၊ အမျိုးသမီးတစ်ဦးက အခုနောက်မှ ပြန်ဆုံးသွားပြီလို့ပြောတယ်” ဟု ပြောသည်။
ယာဉ်တိုက်မှုဖြစ်ကာသေဆုံးသွားသူတို့၏ နေရပ်ဒေသကို စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ်၌ ၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှု ၄၃၂ မှု ဖြစ်ပွားခဲ့သည်ဟု ကချင်ပြည်နယ် ရဲစခန်း မှတ်တမ်းအရသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ