လုံးခင်းကျေးရွာရှိ သပိတ်စစ်ကြောင်းစမည့် နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် ရောက်ရှိနေ
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ရာစုသစ် လက်ဖက်ရည်ဆိုင်အနီးတွင် ယနေ့ နံနက် ၈ နာရီ ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်စောင့်နေကြောင်း သိရှိရသည်။

လုံးခင်းကျေးရွာရှိ သပိတ်စစ်ကြောင်းစမည့် နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် ရောက်ရှိနေ

 

အဆိုပါ နေရာသည် လုံးခင်းသပိတ်စစ်ကြောင်း စထွက်သည့်နေရာဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ရာစုသစ်လက်ဖက်ရည်ဆိုင်ရှေ့စစ်သားတွေ၊ရဲတွေရော ရောက်နေပြီ၊ကုန်တင်ကားကနေ ဆင်းချလာတာလဲ တွေ့လိုက်တယ်၊ အယောက် ၈၀ လောက်ရှိတယ်၊ နောက်ထပ်လည်း ထပ်ရောက်လာပြီတဲ့၊ ညီမတို့က ဆန္ဒပြဖို့နေ့တိုင်းအဲ့မှာ လူစုတယ်လေ၊ ခုက မရတော့ဘူး၊ လာစောင့်တာနေမှာ ဖြိုခွဲချင်လို့နေမှာ”ဟု ပြောသည်။
လက်တလောအချိန်တွင် လမ်းသွားလမ်းလာ ပြည်သူများကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရပြီး ဖမ်းဆီးမှုများ ရှိ မရှိကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
မေလ ၁၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သပိတ်ခေါင်းဆောင်ဟု စွပ်စွဲကာ နေအိမ်များသို့ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများရှိခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ