ကေ အိုင် အေ သေနတ်
ကချင်ပြည်နယ် မံစီမြို့နယ်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ ကချင်လွပ်လပ်ရေးတပ် KIAနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး မွန်းလွှဲ ၁၂ နာရီခွဲဝန်းကျင်မှ တိုက်လေယာဉ်များအသုံးပြုကာ တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ကေ အိုင် အေ သေနတ်

 

မံစီမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာအနီး စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ် KIA ရှိမည်ဟုထင်သည့်နေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” လေယာဉ်နဲ့က Kia ရှိတယ်ထင်တဲ့ တောထဲဘက်ပစ်ချနေတယ်။ တိုက်လေယာဉ် ၂စီး ၂ခေါက် လာသွားပြီ။ အသံပဲကြားရတော့ သေချာတော့ ပြောမရဘူး။ ၁၂ နာရီ ခွဲကျော်ကတည်းက လက်နက်သံတွေ နားပြီး လေယာဉ်နဲ့ ပစ်နေတာ ဟုတ်တယ်” ဟုပြောသည်။
ယခုချိန်တွင် မံစီမြို့နယ်၌ ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲကြောင့် ထိခိုက်မှုရှိမရှိ The 74 Mediaက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ