​မိုးညှင်း
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ​ နန်းခါရပ်ကွက်ရှိ စား​သောက်ဆိုင်တွင် ​သေနတ်​ထောက်ပြီး ဖမ်းဆီးခြင်း ခံခဲ့ရသည့် လူငယ်သုံးဦးသည် လက်ရှိအချိန်အထိ မိသားစုနှင့်​တွေ့ခွင့်မရ​သေး​ကြောင်း မိသားစုဝင်များထံမှသိရသည်။

​မိုးညှင်း

 

ပြီးခဲ့သည့် ​မေလ ၈ရက်​နေ့ည ၇နာရီခွဲအချိန်ခန့်က အဆိုပါ လူငယ် သုံးဦးသည် မိုးညှင်းမြို့၊ နန်းခါ(​မြောက်) ရပ်ကွက်ရှိ အားမာန်စား​သောက်ဆိုင်တွင် ထိုင်​နေစဥ် စစ်​​​ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ်များက ​ဦး​ခေါင်းတွင် သေနတ်ဖြင့် ​ထောက်၍ ဖမ်းဆီး​ခေါ်​ဆောင်သွားခြင်းဖြစ်သည်။
ထို့သို့ ဖမ်းဆီးခံခဲ့ရပြီး​နောက် ၃ရက်​မြောက်​နေ့အထိ မိသားစုနှင့်​တွေ့ခွင့်မရ​သေး​သည့်အပြင် မည်သည့်​အ​ကြောင်းအရင်း​ကြောင့် ဖမ်းဆီးသွားသည်ကို မသိ​ရသေး​ကြောင်း ​မိုးညှင်းဒေသခံတစ်ဦးက​ပြောသည်။
“စစ်တပ်က​ပြော​တာ ရဲစခန်းပို့လိုက်ပြီ​ပြောတယ်။ စရဖ​တွေကလည်း သူတို့ကို စစ်​ဆေးပြီးပြီလို့​ပြောတယ်။ သူတို့မှာ အပြစ်မရှိဘူးဆိုတဲ့ စာလည်းထွက်ထားပြီ။ လူမှားဖမ်းတယ်လို့လည်း ​​ပြောတယ်။ ၃ရက်ရှိပြီ လွတ်​ပေးမယ်​ပြောတာ။ အခုထိ မလွတ်​ပေး​သေးဘူး” ဟု ​ပြောသည်။
၎င်းတို့ ၃ ဦးအား ဖမ်းဆီးထား​သော ​နေရာ အတိအကျမသိ​သေး​သော်လည်း စစ်​​ကောင်စီ၏ အ​မြောက်တပ်တွင် ဖမ်းဆီးထားသည်ဟု သတင်းအစအနများကြား​နေရ​ကြောင်း၊ ၎င်းတို့ သုံးဦးလွတ်​မြောက်ရန် အတွက် မိသားစုဝင်များက PCG အဖွဲ့ထံ အကူအညီ​တောင်းခံထား​ကြောင်း သူက ဆက်​ပြောသည်။
ဖမ်းဆီးခံရ​သော ကချင်လူငယ်သုံးဦးမှာ မိုးညှင်းမြို့ ​အောင်သ​ပြေ(၁)ရပ်ကွက်​နေ အသက် ၃၁ နှစ်အရွယ် ကိုတီ​ဖေရမ် ၊ အသက် ၂၈နှစ် အရွယ် ကို​​နော်လီနှင့် အသက် ၂၃ နှစ်အရွယ် ကိုယိန်းချန်းတို့ဖြစ်ကြသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ