9k ဆိုင်ကယ်ဆိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရှိ 9k သုံးဘီးနှင့် ဆိုင်ကယ်အရောင်းဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်၍ ဆိုင်ကယ်များ ယူဆောင်သွားသည်ဟု သိရသည်။

 9k ဆိုင်ကယ်ဆိုင်

 

စစ်‌ေကာင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်နှင့် ရောက်လာပြီး ဆိုင်ကယ်များကို ကားအကြီးဖြင့် သယ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
” ခဏက ၆ နာရီ ၅မိနစ်လောက်မှာဟုတ်တယ်၊ ရဲကား ၂ စီးပါတယ် ၁ စီးမှာက အရပ်ဝတ်နဲ့ ၆ ယောက်။ နောက်တစ်စီးက ရဲကားအကြီးဟုတ်တယ်။ အဲ့ကားထဲမှာ ဆိုင်ကယ် ၈ စီးလောက်ထည့်ပြီး သယ်သွားတာ တွေ့လိုက်တယ်။ ကျွန်တော်မတွေ့လိုက်တာတောင် ရှိအုံးမယ်။” ဟုသူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်မှာ လိုင်စင်မရှိသောကြောင့် ယူဆောင်သွားရခြင်းဖြစ်သည်ဟု​ ပြောကြားသွားကြောင်းသိရသည်။
ထိုနည်းတူ မေလ ၇ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်၌လည်း မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် ကျွန်းရွှေဝါလမ်း ဆိုင်ကယ်တန်းမှ ဆိုင်ကယ်များကိုလည်း ယူဆောင်သွားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ