ကေအိုင်အေ (KIA)
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ အလော့ဘွမ်တပ်စခန်းဘက်သို့ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေက ရှန်ထုံတောင်တွင် ဝန်းရံပိတ်ဆို့ထားသည်ဟု သိရသည်။

ကေအိုင်အေ (KIA)

 

စစ်ကောင်စီတပ်ဖွဲ့များသည် နွမ်လန်းကျေးရွာမှတဆင့် အလုံးအရင်းချီတက်လာပြီး ကေအိုင်အေက ရှန်ထုံတောင်အနီးတွင် ပိတ်ဆို့ထားသဖြင့် အဆိုပါတောင်ပေါ်တွင် တိုက်ပွဲများဖြစ်လာနိုင်ချေရှိသည်ဟု ကေအိုင်အိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“လောလောဆယ် ရှန်ထုံတောင်မှာတော့ သူတို့တပ်စခန်းချထားတာရှိတယ် ဒါပေမဲ့ သူတို့ ထွက်လို့ သွားလို့မရဘူး ညှပ်ထားတဲ့သဘောပေါ့ အဲ့တော့ အဲ့နေရာမှာ တိုက်ပွဲဖြစ်လာနိုင်တယ်” ဟု ပြောသည်။
မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလောနှင့် စီဟပ်ကျေးရွာများတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကေအိုင်အေက မေလ ၈ ရက်နေ့တွင် ဆလောင်းကုန်းမှ စစ်နည်းဗျူဟာအရ နောက်ဆုတ်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ