မော်ဟန်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ ဘူတာစု ရပ်ကွက်တွင် မေ ၉ ရက် ညအချိန် ရပ်ကွက်အတွင်း စစ်ကောင်စီ ဒလန်သတင်းပေးဟု ယူဆရသူနှစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

မော်ဟန်

မော်ဟန်ကျေးရွာ ဘူတာစုရပ်ကွက်တွင်နေထိုင်သည့် ဦးတင်ဇောယုအား အမည်မသိလက်နက်ကိုင်ဆောင်ထားသူ ၂ဦးမှ လုပ်ကြံသတ်ဖြတ်သွားကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“သေဆုံးသူ ဦးတင်ဇော်ယုက ရပ်ကွက်ဆယ်အိမ်မှူးလုပ်ခဲ့သူဖြစ်တယ်။ အိမ်အထဲမှာထိုင်နေတဲ့အချိန် သေနတ်ကိုင်ထားတဲ့ လူနှစ်ယောက် အိမ်ထဲဝင်လာပြီး အနီးကပ်ပစ်သတ်သွားခဲ့တာ” ဟုပြောသည်။
တောင်းစိမ်းကြီးမှော်တွင်လည်း ဒလန်ဟုယူဆရသူတစ်ဦး ထပ်မံပစ်သတ်ခံရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
လက်ရှိအချိန်တွင် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို မိုးညှင်းခရိုင်ဆေးရုံကြီးသို့ ရင်ခွဲစစ်ဆေးပြီး သေမှုသေခင်းဖွင့် စစ်ဆေးနေသည်ဟုသိရသည်။
ပေးပို့သူ – CJ
သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *