ဟိုပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံ
ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ တကွင်းရွာ ကန်သာယာရပ်ကွက်တွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်း ဖမ်းဆီးခေါ်ဆောင်သွားသည့် တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု သိရသည်။

ဟိုပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံ

 

ပစ်သတ်ခံရသည့် ဆရာဝန်ကို မေလ ၈ ရက်ညနေပိုင်းက ရွာသစ်ကြီးရေပူတွင်းမှ အပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်စစ်ဆေးခဲ့ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရိုက်ပြီးတာနဲ့ နှာခေါင်းကနေ သေနတ်နဲ့ပစ်လိုက်တာ ခေါင်းပွင့်သွားတယ်။ အလောင်းကိုတော့ နုန်းချိုလမ်းဘေးက တဲမှာလာပစ်ထားပြီး မနေ့ကသင်္ဂြိုလ်လိုက်ပြီ” ဟု ပြောသည်။
သေဆုံးသွားသူ၏ အမည်မှာ စိုင်းကွမ်းဖြစ်ပြီး တစ်ကိုယ်လုံးအားရိုက်နှက်ထားသည့်အပြင် လက်နှင့်ခြေထောက်များတွင်လည်း ဓားနှင့်လှီးခြစ်ထားသည်ဟု သိရသည်။
ဟိုပင်မြို့တွင် စစ်အာဏာရှင်ကိုဆန့်ကျင်သည့် ဆန္ဒပြသပိတ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကာ တစ်ဦးသေဆုံးခဲ့သည့်အပြင် ဖမ်းဆီးခံရသူ (၁၅)ဦးရှိပြီး ယနေ့အချိန်အထိ လွတ်မြောက်လာခြင်းမရှိသေးပါ။
သင့်ထင်မြင်ချက်ရေးပေးပါ