(Live) အတုများ
ကချင်ပြည်နယ်အတွင်း ယခင်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ယခုအချိန်တွင်ဖြစ်နေသယောင် လူထုကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် တိုက်ပွဲတိုက်ရိုက်ထုတ်လွှင့်မှု (Live) အတုများ ရှိနေသည်။

(Live) အတုများ

 

အဆိုပါတိုက်ရိုက်ထုတ်လွှင့်နေမှုများကို လူထောင်နှင့်သောင်းနှင့်ချီကြည့်ရှုနေပြီး ထောင်နှင့်ချီပြန်လည်မျှဝေထားသည်။
ပုံတွင်ဖော်ပြထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုအတုသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ် လဂျားယန်တွင် စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်မတော် (ABSDF) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို ယခုဖြစ်နေသယောင်တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများ၊ အကြမ်းဖက်ဖြိုခွင်းမှုများနှင့် တိုက်ပွဲများကို ယခုဖြစ်နေသယောင်တိုက်ရိုက်ထုတ်လွှင့်နေမှုအတုကို ပြုလုပ်သူအများစုသည် ၎င်းတို့၏ဖေ့စ်ဘုတ်စာမျက်နှာ (Facebook Page) တွင် စောင့်ကြည့်သူ (follower) အရေအတွက် တိုးလာစေရန် လုပ်ဆောင်လေ့ရှိသလို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေသူများရှိသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတုများသည် လူထုအကြားပျံ့နှံ့လွယ်ပြီး လူအများ၏ စိတ်ပါဝင်စားမှုကို ရရှိသည့်အပြင် သတင်းအမှန်ကို အချိန်နှင့်တပြေးညီ ရရှိမှုကို အဟန့်အတားဖြစ်စေပါသည်။
သို့ဖြစ်ပါ၍ တိုက်ရိုက်ထုတ်လွှင့်မှုများကို မျှဝေမည် သို့မဟုတ် ကြည့်ရှုမည်ဆိုပါက ထုတ်လွှင့်သည့်စာမျက်နှာတွင် စောင့်ကြည့်သူ (follower) အရေအတွက် မည်မျှရှိသည်နှင့် သတင်းအမှန်များကို ပုံမှန်အတိုင်း တင်ဆက်မှုရှိ၊ မရှိကို ဆန်းစစ်သင့်ပါသည်။
ပြည်သူလူထုထံသို့ သတင်းမှန်များ အချိန်နှင့်တပြေးညီ ရောက်ရှိရန် အရေးကြီးသဖြင့် အမျိုးမျိုးသောရည်ရွယ်ချက်ဖြင့် ထုတ်လွှင့်နေသည့် တိုက်ရိုက်ထုတ်လွှင့်မှုအတုများကို ပြန်လည်မမျှဝေမိရန်လည်း သတိပြုသင့်ပါသည်။
သင့်ထင်မြင်ချက်ရေးပေးပါ